Ngwe Saung လွမ်းချင်း

in #myanmar3 years ago (edited)

image
ဒီနှစ်တော့ခရီးမထွက်ဖြစ်တော့ပါ။ကလေးငယ်သေးသောကြောင့်ဖြစ်သည်။မနှစ်ကNewYearသူငယ်ချင်းများနှင့်ငွေဆောင်သွားတဲ့အကြောင်းလေးသတိရမိသည်။ရန်ကုန်တစ်မြို့တည်းတွင်အလုပ်လုပ်နေကြသော်လည်းမတွေ့ဖြစ်သာများသည်။တစ်နေ့တော့ဂိမ်းဆော့ကြမည်ဟုပြောပြီးစုစည်းမိပြီးခရီးလေးတစ်ခုထွက်ဖို့အကြောင်းဖန်လာသည်။အစကရည်မှန်းထားသောခရီးသည်တောင်ကြီးဘက်သို့သွားရန်ဖြစ်သည်။တစ်ဖြည်းဖြည်းသွားခါနီးလာတော့မလိုက်ဖြစ်သူများလာသည်။နောက်ဆုံးအမာခံငါးယောက်သာကျန်ခဲ့သည်။လူနည်းသွားပြီဖြစ်သောကြောင့်ရက်ရှည်ကြာမည့်ခရီးစဉ်ထွက်လို့မဖြစ်သောကြောင့်ခရီးစဉ်ပြောင်းပြီးငွေဆောင်သို့သွားရန်ဆုံးဖြတ်ချက်ချလိုက်ကြသည်။ငွေဆောင်ကရွက်လေအဖွဲ့ချုပ်ဟိုတယ်တွင်ညီဝမ်းကွဲဖြစ်သူရှိသောကြောင့်နေထိုင်ဖို့ကိစ္စတာဝန်ယူဖို့ကျွန်တော်ကိုတာဝန်ပေးလိုက်ကြသည်။ညီဝမ်းကွဲဆီဖုန်းဆက်လိုက်ပြီးငါးယောက်အခန်းတစ်ခန်းကိုကြိုမှာလိုက်သည်။
image
ညီဖြစ်သူငါးယောက်ခန်းမရှိကြောင်းလေးယောက်ခန်းကိုကုတင်တစ်ခုထည့်ပေးပြီးအခန်းခကိုအနည်းငယ်ပိုပေးရမည်ဖြစ်ကြောင်းအကြောင်းပြန်လာသည်။ကြယ်ငါးပွင့်ဟိုတယ်ကိုအခန်းခသက်သက်သာဖြင့်ရသောကြောင့်အခန်းကိုကြိုတင်မှာထားလိုက်သည်။ရေကူးကန်၊GYM၊Nightclubနှင့်နံနက်စာပါအပါကိုတစ်ရက်ကိုတစ်သိန်းခွဲကျခံရမည်ဖြစ်သည်။ငါးယောက်ဆိုတော့တစ်ရက်သုံးသောင်းလောက်ကျမည်ဖြစ်သည်။ညနေစာစားသောက်မည့်ကုန်ကျစာရိတ်များ၊အခြားသောက်ဖို့စားဖို့ကုန်ကျစရိတ်များနှင့်ကားခအသွားအပြန်စရိတ်ပါထည့်တွက်ပြီးတစ်ယောက်ကိုတစ်သိန်းစီထည့်ရန်ဆုံးဖြတ်လိုက်ကြသည်။နှစ်ညအိပ်သုံးရက်ခရီးကိုအကုန်အပြီးအစီးနှင့်ဟိုတယ်၏newyearညရဲ့ဖျော်ဖြေတင်ဆက်မှုတွေကိုပါကြည့်ရှုခံစားရဦးဖြစ်သည်။
image
မသွားမီတစ်ပတ်လောက်အလိုတွင်ကျွန်တော်ကနယ်ပြန်ရောက်နေသောကြောင့်ရန်ကုန်ရှီသူငယ်ချင်းများကိုလိုအပ်သောပစ္စည်းများဝယ်ထားရန်မှာထားလိုက်သည်။ရန်ကုနမှ်ထွက်သောကားမှာညကိုးနာရီခွဲမှထွက်မည်ဖြစ်သည်။ထို့ကြောင့်သွားမည့်ရက်မှရန်ကုန်သို့ပြန်လာမည်ဖြစ်ကြောင်းနှင့်ကားထွက်မည့်ရန်ကုန်ဘူတာကြီးတွင်ညနေ၅နာရီလောက်ကတည်းကဆုံကြရန်ပြောထားလိုက်သည်။ထိုနေ့တွင်ညနေငါးနာရီတွင်ချိန်းဆိုထားသောနေရာတွင်လေးယောက်ဆုံမိပြီဖြစ်သည်။တစ်ယောက်အလုပ်ပြန်နောက်ကျမည်ဖြစ်သောကြောင့်၈နာရီလောက်မှသာရောက်နိုင်မည်ဖြစ်ကြောင်းအကြောင်းကြားလာသည်။ထို့ကြောင့်လေးယောက်သားလိုအပ်သောပစ္စည်းများကိုဝယ်ပြီးအချိန်ပိုနေသေးသဖြင့်ဂိမ်းဆော့ရင်းကျန်နေသောသူငယ်ချင်းတစ်ယောက်ကိုစောင့်ကြသည်။၈နာရီခွဲလောက်တွင်သူကားဂိတ်သို့ရောက်နေပြီဖြစ်ကြောင်းဖုန်းဆက်ပြောသဖြင့်ဂိမ်းဆော့တာကိုလက်စသက်လိုက်ပြီးကားဂိတ်သို့ထွက်လာခဲ့ကြသည်။ငါးယောက်သားစုံမိပြီးငွေဆောင်သို့ရောက်ရင်မိမိတို့လုပ်ချင်အကြောင်းများကိုဖောက်သည်ချနေကြသည်။ရေမကူးတတ်သောသူတစ်ယောက်ပါသေးသဖြင့်ဝိုင်းစနေကြသေးသည်။စကားကောင်းနေတုန်းကားဝင်လာသဖြင့်စကားပြောတာကိုလက်စသတ်လိုက်ပြီးမိမိတို့၏အထုတ်အပိုးများကိုသေချာစစ်ကာကြီးသောအထုတ်အပိုးများကိုကားအောက်ခန်းသို့ထည့်လိုက်ကြသည်။အရေးကြီးသောပစ္စည်းများနှင့်ပိုက်ဆံအိတ်တို့ကိုသာမိမိတို့နှင့်အတူယူဆောင်လာခဲ့သည်။မနက်မိုးလင်းလျှင်ရောက်မည်ဖြစ်သောကြောင့်တစ်နေ့လုံးလည်ပတ်ရန်နှင့်ညကားဖြစ်သောကြောင့်ပတ်ဝန်းကျင်ကိုကြည့်ရှုလို့မရသောကြောင့်ကားစထွက်ပြီးသိပ်မကြာပေအိပ်ပျော်သွားကြသည်။
image
ပုသိမ်သို့ရောက်ပြီးကားတစ်ခေါက်နားတော့မှာသာနိုးလာကြသည်။ဗိုက်ဆာသောကြောင့်ထမင်းဆင်းစားကြပြီးကားပေါါ်ပြန်တက်ကာတစ်ယောက်နှင့်တစ်ယောက်စနောက်နေခဲ့ကြသည်။မကြာမီကားပြန်ထွက်ပြီးကားပေါါ်တွင်ဖွင့်ထားသောမြန်မာကားကိုကြည့်နေကြသည်။ကျွန်တော်ကတော့နယ်ကနေတစ်နေ့လုံးကားစီးလာသောကြောင့်ခရီးပန်းပြီှးခဏအကြာတွင်ပြန်အိပ်ပျော်သွားခဲ့သည်။ကားပေါါ်တွင်ဆူဆူညံညံအသံကြားသဖြင့်နိုးလာခဲ့သည်။ငွေဆောင်သို့ရောက်နေပြီဖြစ်ကြောင်းနှင့်ခရီးသည်များကိုဟိုတယ်များသိုလိုက်လံပို့ဆောင်ပေးမည်ဖြစ်ကြောင်းကားဆရာမှမိုက်ခလိုဖုန်းဖြင့်ပြောကြားနေခြင်းဖြစ်သည်။ကျွန်တော်တို့တည်းမည့်ဟိုတယ်သည်နောက်ဆုံးဖြစ်သည်။သူငယ်ချင်းများကကျွန်တော့်ညီဝမ်းကွဲဆီဖုန်းကြိုဆက်ရန်အသိပေးသဖြင့်ဖုန်းဆက်လိုက်သည်။ညီဖြစ်သူကဟိုတယ်ဧည့်ကောင်တာသို့ရောက်လျှင်သူ့အသိမိတ်ဆွေများဖြစ်ကြောင်းပြောရန်ပြောသည်။ခဏကြာတော့ကျွန်တော်တို့တည်းမည့်ဟိုတယ်သို့ရောက်လာခဲ့သည်။(ဆက်ရန်)
All photo by me.

@naylinn
MSC 196
Steemitမှမိတ်ဆွေအပေါင်းချမ်းသာကိုယ်စိတ်မြဲပါစေ။

Sort:  

ငွေဆောင်ကိုတောင် မရောက်သေးဘူး ခရီးသွားနေစဉ် လမ်းမှာကတည်းကပျော်စရာကောင်းနေလို့ ဆက်လက်အားပေးပါမည် အခုငွေဆောင်ကိုရောက်ပြီဆိုတော့ အပီကဲကြတော့မှာပေါ့နော်

မနှစ်​ကသွားတာပါ

မမငွေဆောင် မရောက်ဖူးဘူး စက်စဲပဲ ကျိုက်ထီးရိုး ဖူးရင်း ခန ခန ရောက်တေ တခြားကမ်းခြေတွေလဲ သွာကြည့်ချင်တယ်😁

ဒီနှစ်​​တော့မသွားနိုင်​​တော့ဘူး မကြည်​​ရေ က​လေးကလည်းငယ်​​သေး​တော့ ​နောက်​နှစ်​အတွက်​အား​မွေးတာ​ပေါ့

ငွေဆောင် ချစ်သူများကျွန်း သွားကြမယ် မမ ဟီး

ကမ်းခြေဆိုလို့ ကျိုက်ခမီ ကမ်းခြေဘဲရောက်ဖူးသေးတယ်ဗျာ နောက်များမှ ငွေဆောင်ဘက်ကိုလည်း အခါခွင်သင့်ရင် သွားရမယ်

ကောင်းတာ​ပေါ့ အစ်​ကိုတူတူသွားမယ်​​လေ..။

သူငယ်ချင်းတွေနဲ့ စုပြီးခရီးထွက်ရတာ ပျော်စရာ ကောင်းတယ် ..
ငွေဆောင်ရောက်ရင်တော့ .. အုန်းရည်သောက် .. ပုဇွန်ကင် စားရတော့မယ် နော်

ဟုတ်​တယ်​အန်​တီ​ရေ

ရန်​ကုန်​​နေပြီးဘယ်​မှကိုမ​ရောက်​တာ
အထက်​ပိုင်းဘဲစိတ်​ကဝင်​စားတာ

ရန်​ကုန်​ကဆို ဘယ်​​နေရာသွားသွားအဆင်​​ပြေတယ်​​ဗျ

ခရီးထွက်ရတာ တစ်ကယ့်ကို ပျော်စရာ အတွေ့ အကြုံတစ်ခုပါ

ဟုတ်​တယ်​ အစ်​ကို​ရေ

ဆက်ရန် ဆက်ရန် စောင့်ရတာလည်းကြာတော့မော ဟီးးး စတာပါကွယ်

ဆက်​ရန်​မှလည်းအဆင်​​ပြေတာ ကိုသာ​အေး​ရေ အများကြီးကျန်​​သေးလို့😁😁

ဆက်​ဖတ်​ပါမယ်

ကျေးဇူးပါ

Travel story လေးပေါ့

ဟုတ်​တယ်​ ကိုဝင်း​ရေ

အ​ရေးအသား ​ကောင်းတယ်​...​မျော်​​နေမယ်​😁

ဟုတ်​ ​ကျေးဇူးပါ

ပင်လယ်ကမ်းခြေတွေကိုသွားရတာ
ကုန်ရကြိုးနပ်တယ်

ဟုတ်​တယ်​​ဗျ

တစ်နေ့နေ့တော့ဖြင့် ရောက်ဖူးချင်သေးတယ်

ရောက်​မှာပါ

ကမ်းခြေဆိုလို့ ချောသ်းသာကလွဲရင် ဘယ်ဟာမှရောက်ဘူးသေးဘူး ရောက်ဖူးချင်လိုက်တာ

ချောင်းသာထက်​ပိုသန့်​တယ်​ အစားအ​သောက်​​တော့​ဈေးကြီးတယ်

ကမ်းခြေခရီးစဉ်လေးဆိုတော့ ပိုပျော်စရာကောင်းတာပေါ့ဗျာ။

သူငယ်​ချင်း​တွေနဲ့ဆို​တော့ ပို​ပျော်​ဖို့​ကောင်းတယ်

ကျမလဲ ခွင့်မရတော့ သွားချင်တိုင်းသွားမရပါဘူးရှင်

သင်္ကြန်​​တော့ပိတ်​မှာပါ​ဗျာ

ချောင်းသာတော့ခဏခဏရောက်တယ်။ ငွေဆောင်တော့မရောက်ဖူးဘူး။

ဟုတ်​တယ်

သူငယ်‌ချင်း‌တွေနဲ့ သွားရတာ‌ပျော်‌စရာကြီး‌ပေါ့။

ဟုတ်

ငပလီဘဲရောက်ဖူးတယ် ငွေဆောင်သွားခြင်တယ်

ငပလီကပိုမိုက်​တာ​ေ​ပါ့